လမင်းနဲ့ပင်လယ် (La Min Nieh Pin Lae) lyrics
by ဝိုင်ဝိုင်း (Y Wine)
ပင်လယ်ဟာကိုယ်ပါ
အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့ မျှော်လင့်မိတယ်
လမင်းခြေသံ ဖြတ်လျှောက်သွားချိန်
ရင်ခွင်အလယ်မှာ လှိုင်းထန်သွားတယ်
ပင်လယ်လိုဆူညံ ကိုယ်ခေါ်နေပါတယ်
ဒါပေမယ့်လည်း သူမကြားဖူးကွယ်
ပုံရိပ်ယောင်တွေ ထားရစ်ခဲ့တယ်
ရှောင်ဖယ်ကာရယ် ပျောက်ကွယ်ပြီကွယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့အလှပဟာရူးစေတယ်
အကြင်နာတွေဟာ ဒီလှိုင်းများလို
အော်မြည်ကာရယ် အပြေးလာနေတယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာရူးစေတယ်
ကိုယ်မျှော်နေပါတယ် လမင်းလေးရယ်
ထာဝရငိုသံအသည်းကွဲ
သီချင်းသည် ပင်လယ်
ပင်လယ်ဟာဒဏ်ရာ
ဟန်ဆောင်ကာမနေနိူင်
ဆူညံပေါက်ကွဲ နက်ရှိုင်းမျက်ရည်
လမင်းဆိုတာ အေးမြအလင်းရောင်
မဆုံနိုင်တဲ့လမ်းမှာ တို့တွေ့ခဲ့ကြတယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့အလှပဟာရူးစေတယ်
အကြင်နာတွေဟာ ဒီလှိုင်းများလို
အော်မြည်ကာရယ် အပြေးလာနေတယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာရူးစေတယ်
ကိုယ်မျှော်နေပါတယ် လမင်းလေးရယ်
ထာဝရငိုသံ အသည်းကွဲပင်လယ်
ပင်လယ်ဟာကိုယ်ပါ
အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့ မျှော်လင့်မိတယ်
လမင်းခြေသံ ဖြတ်လျှောက်သွားချိန်
ရင်ခွင်အလယ်မှာ လှိုင်းများပြင်းထန်
ပင်လယ်
ထာဝရငိုသံ
အသည်းကွဲ သီချင်းသည်
ပင်လယ်
ငွေလမင်းရေ
ငွေလမင်းရေ
ငွေလမင်း ရေ