Mhar Tat Thu Myar lyrics
by Adjustor
လူတွေဖြတ်လျှောက်သွားတဲ့လမ်းရဲ့
တစ်နေရာအချိုးအကွေ့လေးမှာ
ကိုယ့်အတွေးတွေဟာပိန်းပိတ်အောင်မှောင်နေပါတယ်
ကူရာကယ်ရာမဲ့မာနတွေအောက်ချလို့
ငါလက်ဝါးဖြန့်ထားပါတယ်
ဥပေက္ခာတွေလာမစွန့်ကြဲလိုက်ပါနဲ့
ညနေခင်းလေညှင်းတွေတိုက်တုန်းမှာ
တစ်ယောက်ထဲမျက်နှာငယ်
တတ်နိုင်သလောက်ငါနားလည်မှုတွေ
ပုခုံးပေါ်ထမ်းခဲ့လဲတစ်ခေါက်တစ်ခါရှိခဲ့ဖူးတဲ့အမှားကို
ထောက်ပြပီးအခွင့်အရေးဟာ
နောက်တစ်ခါမရှိတော့ဘူးတဲ့လား
ဒါကြုံနေရတဲ့ဘဝပါအိမ်မှာပြန်ပြောပြတဲ့အခါ
အဆင်ပြေတယ်ပဲကြားချင်စေတဲ့အခါ
မျိုသိပ်လိုက်ရတဲ့သောကဝေဒနာများ
မင်းလဲငါ့လိုပါပဲကွာတစ်ရံတစ်ခါတော့မှား
တစ်စုံတစ်ရာမထိခိုက်ခဲ့ရင်ခွင့်လွှတ်ပေးလို့မရဘူးလား
ဟားတိုက်လို့လှောင်ရယ်ပီးစွန့်ပယ်တာဖြစ်သင့်လား
အခွင့်အရေးလေးတစ်ခုတော့ရှိသင့်ပါတယ်ကွာ
အတောင်မစုံပဲငါပျံသန်းခဲ့မိခြင်းလား
မရေရာပါဘူးကောင်းကင်ကြီးရယ်
ရင်ဆိုင်ရမဲ့အရာတွေအားလုံးကိုငါကြောက်နေတုန်းပဲ
အဲ့ဒီစိတ်တွေနဲ့တစ်ခါတစ်လေ
ငါမမှားလည်းတောင်းပန်ဖြစ်ခဲ့တယ်
အထင်သေးတဲ့မျက်လုံးများအလယ်
ငါတန်ဖိုးကျခဲ့အရမ်းပဲမွန်းကြပ်နေခဲ့ပီ
အဆုံးသတ်ရမဲ့လမ်းကမရှိ
အကောင်းမြင်တတ်တဲ့စိတ်နဲ့ပေးဆပ်လေသမျှ
ရင်ဘတ်ထဲကဒဏ်ရာများခံစားမိလား
ငါဘယ်လိုကောင်းခဲ့တာအမှားတစ်ခုကို
အပြစ်တင်နေမဲ့အစားပြန်ကြိုးစားခွင့်ပေးပါ
မင်းလဲငါ့လိုပါပဲကွာတစ်ရံတစ်ခါတော့မှား
တစ်စုံတစ်ရာမထိခိုက်ခဲ့ရင်ခွင့်လွှတ်ပေးလို့မရဘူးလား
ဟားတိုက်လို့လှောင်ရယ်ပီးစွန့်ပယ်တာဖြစ်သင့်လား
အခွင့်အရေးလေးတစ်ခုတော့ရှိသင့်ပါတယ်ကွာ
မင်းလဲငါ့လိုပါပဲကွာ တစ်ရံတစ်ခါတော့မှား
တစ်စုံတစ်ရာမထိခိုက်ခဲ့ရင် ခွင့်လွှတ်ပေးလို့မရဘူးလား
ဟားတိုက်လို့ လှောင်ရယ်ပီးစွန့်ပယ်တာ ဖြစ်သင့်လား
အခွင့်အရေးလေးတစ်ခုတော့ရှိလို့နေသင့်တာ