ပခုံးတစ်ဖက် (Pa Khone Ta Phat) lyrics

by

Linnith


ငေးမောနေဆဲ ကြေကွဲရိပ်တို့မင်းမျက်ဝန်းမှာ
မကြာခင်သူငိုချတော့မှာ ကြိုသိနှင့်လည်း နှစ်သိမ့်ရန်မလွယ်ပါ
မင်း ပြောပါကွယ်
ဘယ်လိုအကြောင်းအကျိုးနဲ့ အကောင်းအဆိုးလဲကွာ
အချိန်တွေကျော်လွန်သွားတဲ့အခါ သံသယမေးခွန်းများနဲ့ငါရင်ပူလာ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ
ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ
မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင် ထားခဲ့မှ
မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ

မင်း တိတ်ပါကွယ် ကိုယ်နှစ်သိမ့်စရာစကားလည်းမရှိပါ
နင်ငိုရင် ငါလည်းဝမ်းနည်းတာ
နင်ကတော့ဖြင့်သိလိမ့်မယ်မထင်ပါ
ခွင့်ပြုပါတယ် လိုအပ်တဲ့အခါ ပခုံးတစ်ဖက်အသင့်ပါ
ဘယ်သူတွေ ဘာပြောဦးမလဲကွာ
မျှော်လင့်ချက်နဲ့ မင်းဘဝကိုရင်ဆိုင်ပါ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ
ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ
မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင်ထားခဲ့မှ
မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ

ငါ့ ပခုံးထက်မှီတွယ်ရင်း မင်းကြိတ်ရှိုက်ငိုသံကြားတဲ့ခဏ
ဘယ်လိုများလဲကွာ ဒီမေးခွန်းအတွက်မကြားဝံ့တယ်အဖြေကိုငါ
မင်းဘဝနဲ့ယုံကြည်ရင်း ပေးဆပ်ချစ်သူတောင်ထားခဲ့မှ
မငိုတော့နဲ့ကွာ ဒီလိုပြောရင်းနဲ့ပွေ့ဖက်မင်းအတွက်ငါကြေကွဲတာ
ထားခဲ့မှ မငိုတော့နဲ့ကွာ
ဘယ်လိုပြောလည်းပဲ မင်းကနောက်ထပ် ငိုနေဦးမှာ…
A B C D E F G H I J K L M N O P Q R S T U V W X Y Z #
Copyright © 2012 - 2021 BeeLyrics.Net