ဒီဇင်ဘာည - December Nya lyrics
by Linnith
အပြင်မှာနှင်းတွေ ကျဆင်းလို့နေပြီ
အိပ်မက်ဟောင်းငယ် ရင်ထဲရောက်လာသည်
ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း
မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်သည်
မြူမှုန်တွေရဲ့ခြေသံလေး
နင်ပြန်မလာတော့ဘူးလား
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကျ ဒီလိုအချိန်လေးရောက်လာ
ဟို အရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည် တမ်းတရင်းကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရေ
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့
လွမ်းနေဆဲ
ပူလောင်ခြင်းတွေ ရင်ထဲပြည့်နေပြီ
ဒီဇင်ဘာညကို အံတုလို့နေသည်
ငါမလိုချင်သော ဒဏ်ရာလေး
နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်သည်
မြူမှုန်တွေရဲ့ခြေသံလေး
နင်ပြန်မလာတော့ဘူးလား
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကျ ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည်တမ်းတရင်းကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရေ
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့
လွမ်းနေဆဲ
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကျ ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည်တမ်းတရင်းကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရေ
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကျ ဒီလိုအချိန်လေးရောက်လာ
ဟို အရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရေ
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့
လွမ်းနေဆဲ