နေညိုရင် (Nay Nyo Yin) lyrics

by

Linnith


နေညိုရင် တို့ဝေးရမယ်သိထားလည်း
နောက်ဆုံးစကားတွေ ငါမပြောချင်
အလှဆုံးမင်းရဲ့ မျက်ဝန်းက
မိုးတွေဆွေဦးမလား
တူညီစွာရင်ထဲရှိတဲ့ စိတ်ကူးများ
နင်မြိုသိပ်လိုက်ပါ အချစ်ဆုံးရာ
အလှဆုံးမင်းရဲ့နှုတ်ခမ်းက
လွင့်ပျံလာမယ့်စကား
နာရီသံပုံမှန်လည်တာ ကြောက်ရွံ့လို့နေပြီ

ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား
မတွေးရဲတယ်
နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကိုရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသောဘဝတွေရယ်
ဆွေးရတယ်

ယုံကြည်ပါငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံစည်းကြမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော ခဏတွေကို
ငါမုန်းမိတယ်…

ယုံကြည်စွာမျှော်လင့်မိသူ ရင်မောသွား
စကားလုံးများ ငြိမ်သက်ခြင်းမှာ
ဆုံစည်းခဲ့တဲ့ခဏလေးက
အတိတ်မှာအိပ်မောကျ
တူညီစွာရင်ထဲရှိတဲ့ စိတ်ကူးများ
နင်မြိုသိပ်လိုက်ပါ အချစ်ဆုံးရာ
အလှဆုံးမင်းရဲ့နှုတ်ခမ်းက
လွင့်ပျံလာမယ့်စကား
နာရီသံပုံမှန်လည်တာ ကြောက်ရွ့ံလို့နေပြီ
ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား
မတွေးရဲတယ်
နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကိုရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသောဘဝတွေရယ်
ဆွေးရတယ်
ယုံကြည်ပါငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံစည်းကြမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော ခဏတွေကို
ငါမုန်းမိတယ်…

နာရီသံပုံမှန်လည်တာ ကြောက်ရွ့ံလို့နေပြီ
ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား
မတွေးရဲတယ်
နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကိုရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသောဘဝတွေရယ်
ဆွေးရတယ်

ယုံကြည်ပါငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံစည်းကြမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော ခဏတွေကို
ငါမုန်းမိတယ်…

နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကိုရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသောဘဝတွေရယ်
ဆွေးရတယ်
ယုံကြည်ပါငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံစည်းကြမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော ခဏတွေကို
ငါမုန်းမိတယ်…
A B C D E F G H I J K L M N O P Q R S T U V W X Y Z #
Copyright © 2012 - 2021 BeeLyrics.Net