ကြယ်တွေစုံတဲ့ည(Starry Night) lyrics
by Htoo Eain Thin
ကြယ်တွေစုံတဲ့ည ကိုယ့်အိပ်မက်လေးရယ်
ကြယ်တွေဆုံတဲ့ည ဘ၀မျှော်လင့်ခြင်းရယ် ...
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့သီချင်းတွေလည်း...
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ် ...
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားဆဲ ...
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း ...
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ် ...
နာကျင်စွာတစ်ယောက်တည်း ...
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ ...
အိမ်ပြန်ချင်ပေမယ့် ...
မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့ ...
အိုး ... အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ်ငါ့..ရဲ့..အကြောင်းတွေ ...
ကြယ်တွေဆုံတဲ့ည ထပ်ကြုံရဦးမယ် ...
ကြယ်တွေတစ်ကယ်ဆုံတဲ့ည ..
လှနေမှာပေါ့ကွယ် ...
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် ..
အိမ်ပြန်ချိန်များရယ် ...
နာကျင်စွာတစ်ယောက်တည်း ...
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ ...
အိမ်ပြန်ချင်ပေမယ့် ...
မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့ ...
အိုး ... အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ်ငါ့..ရဲ့..အကြောင်း..တွေ..
ကြယ်တွေဆုံတဲ့ည ထပ်ကြုံရဦးမယ် ...
ကြယ်တွေတစ်ကယ်ဆုံတဲ့ည
လှနေမှာပေါ့ကွယ် ...
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေမယ်
မျှော်လင့်ခြင်းများရယ် ...
အိမ်ပြန်ချိန်လေး ...
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေမယ် ..
မျှော်လင့်ခြင်းများရယ် ...
အိမ် ပြန် ချိန် များ ရယ် ...