၂၅ မိနစ် (25-minutes) lyrics

by

Htoo Eain Thin


သေချာခြင်းပဲ
ဖွေရှာသူ ကိုယ့်အမှားပဲ
ဘယ်လိုအကြောင်းနဲ့
ကိုယ်ဟာဝေးလွင့်ခဲ့တယ် ဆိုရမလဲ

သေချာတဲ့နှလုံးသား အသိက
ပြန်သတိပေးခဲ့
အကြင်နာတတ်ဆုံး ဟာ
ရင်မှာအမြဲတမ်းရှိတာ သူတစ်ယောက်တည်း

မင်းရှိရာတလှမ်းချင်း လှမ်းခဲ့တဲ့ခရီး

ရင်ခုန်တဲ့နှလုံးသားက ခံစားချက် နဲ့
တွေ့လိုက်ရင်ပြောမဲ့ကိုယ့်စကားလေးတွေအတွက်
ကြိုတင် စဉ်းစားရင်းနဲ့ ပျော်မိခဲ့

အားလုံး မှားယွင်းခဲ့ပြီ
ချစ်သူ့ လက်ထပ်ပွဲလေး
ပြီးဆုံးမှရောက်ခဲ့သူ လေး
အသည်းက စကားပေါင်းများစွာ
ပြောဖို့ နောက်ကျခဲ့တာ
နှစ်ဆယ့်ငါး မိနစ်အချိန်လေး

အသေချာဆုံးပဲ

ဒီအချိန်မှာကိုယ်အသည်း ကွဲ
ယုံကြည်ခြင်းလည်း
ရင်မှာ ပြန်လည်ကာ တည်ဆောက်မရခဲ့
မင်းရှိရာတစ်လှမ်းချင်းကိုယ်လှမ်းခဲ့တဲ့ခရီး

ရင်ခုန်တဲ့နှလုံးသားလေးမှာ နာကျင်ရင်းနဲ့
တွေ့လိုက်ရင်ပြောမဲ့ ကိုယ့်စကားလေးတွေလဲ
ရင်မှာကွဲရှခဲ့ပြီ အချစ်ကလေးရယ်

အားလုံး ပြီးဆုံးခဲ့ပြီ

ချစ်သူ့ လက်ထပ်ပွဲလေး
နှစ်ဆယ့်ငါး မိနစ်အချိန်လေး
အသည်းက စကားပေါင်းများစွာ
ပြောဖို့ နောက်ကျခဲ့တာ
နှစ်ဆယ့်ငါး မိနစ်အချိန်လေး

မင်းရဲ့အပြုံးတွေ

မြင်နေရင်နှလုံးသားလေးက တဆတ်ဆတ်နာကျည်း

လက်ထပ်ဝတ်စုံ
ကိုယ်ပေါ်မှာ သိပ်လှတယ် အချစ်ကလေး

အားလုံး မှားယွင်းခဲ့ပြီ

ချစ်သူ့ လက်ထပ်ပွဲလေး
ပြီးဆုံးမှရောက်ခဲ့သူ လေး
အသည်းက စကားပေါင်းများစွာ
ပြောဖို့ နောက်ကျခဲ့တာ
နှစ်ဆယ့်ငါး မိနစ်အချိန်လေး
အားလုံး ပြီးဆုံးခဲ့ပြီ
(အရာရာ ပြီးဆုံးခဲ့ပြီ)
ချစ်သူ့ လက်ထပ်ပွဲလေး
(ကိုယ့်အသည်း ကွဲ)
ပြီးဆုံးမှရောက်ခဲ့သူ လေး
(အကုန်မှားပြီ)
အသည်းက စကားပေါင်းများစွာ
(အရာရာပြီး---)
ပြောဖို့ နောက်ကျခဲ့တာ
နှစ်ဆယ့်ငါး မိနစ်အချိန်လေး

ကိုယ့်အမှားပဲ အချစ်ကလေး
A B C D E F G H I J K L M N O P Q R S T U V W X Y Z #
Copyright © 2012 - 2021 BeeLyrics.Net