တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည် (Tanaynay tot chit ywae lar leint myi) lyrics
by Htoo Eain Thin
သူပန်ထားတဲ့ပန်းနီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေး
လှဖို့အစွမ်းကုန်ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
သူပျော်တာအမြဲတွေ့ချင်သည်
သူ့အရိပ်အဖြစ်
အမြဲရှိနေတတ်ပြီ
သူဆင်မြန်းတဲ့ဖိနပ်နီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေးခလုတ်မထိဖို့
ကိုယ်ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
ဘာမဆိုကိုယ်အဆုံးရှုံးခံမည်
အလှမ်းဝေးတဲ့
ပန်းကလေးမြနှင်းဆီ
ကျောင်းသွားကျောင်းပြန်
အချိန်မှန်အမြဲ
စောင့်လို့ကြည့်သည်
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်
သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီးအိပ်မရတော့ပြီ
သိပ်ချစ်တဲ့အကြောင်းကို
ကဗျာတွေရေးမည်
နေရိပ်မိုးတဲ့ထီးနီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေးအေးမြဖို့
ကိုယ်ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
ဒါကိုသူလဲသိနေပြီ
တစ်နေ့နေ့တော့
ချစ်၍လာလိမ့်မည်
ကျောင်းသွားကျောင်းပြန်
အချိန်မှန်အမြဲ
စောင့်လို့ကြည့်သည်
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်
သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီးအိပ်မရတော့ပြီ
သိပ်ချစ်တဲ့အကြောင်းကို
ကဗျာတွေရေးမည်
နေရိပ်မိုးတဲ့ထီးနီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေးအေးမြဖို့
ကိုယ်ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
ဒါကိုသူလဲသိနေပြီ
တစ်နေ့နေ့တော့
ချစ်၍လာလိမ့်မည်
သူပန်ထားတဲ့ပန်းနီနီ
ကျွန်တော်ခဏဖြစ်ချင်သည်
တစ်နေ့နေ့တော့
ချစ်၍လာလိမ့်မည်