ဝေးခဲ့ပြီပန်းခရမ်းပြာ (Wayy-khae-pi-pann-khayan-pyar) lyrics
by ခင်မောင်တိုး (Khin Maung Toe)
[Verse 1]
ဟိုတုန်းက ညနေခင်းများ
ကြည်ပြာကန်ဘေးမှာ
သံစဉ်လှိုင်းခတ်
တေးဖွဲ့လွင့်ပျံ့နေတတ်စဉ်
ကမ်းမဲ့ပန်းဗေဒါများ
ရေပြင်ပေါ်မှာ မှီရာတည်ရာ
စွန့်ခဲ့မျောလို့နေတော့တယ်
[Verse 2]
ကြွေသွားတဲ့ နုပျိုခြင်းများ
လှောင်ရယ်သံကြားမှာ
မတည်ငြိမ်သေးခဲ့
ငြီးငွေ့ စိတ်ပျက်နေရစဉ်
အပြစ်မဲ့အလွမ်းခြေရာများ
နာကျင်နေသူ ရင်မှာထင်ကျန်
တယုတယ ထွေးပိုက်နေခဲ့တယ်
[Chorus]
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တစ်ခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ
[Verse 3]
မျှော်လင့်ချက် မနက်ဖြန်ရက်များ
အဆင်မပြေနိုင်သေးခင်
ယုံကြည်တမ်းတ
အသိစိတ် လမ်းလျှောက်နေဖြစ်စဉ်
စခန်းမဲ့နားခိုရာလည်း
ဘယ်ဆီဘယ်မှာ ရည်ရွယ်ရာကို
အခုထိလက်မလျှော့ နိုင်ဘူးကွယ်
[Chorus]
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တစ်ခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ
ဝေးခဲ့ပြီ ဝေးခဲ့ပြီ
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
ဝေးခဲ့ပြီ ဝေးခဲ့ပြီ
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
ဝေးခဲ့ပြီ ဝေးခဲ့ပြီ
ဝေးခဲ့ပြီ ဝေးခဲ့ပြီ