ကမ္ဘာကြီးရဲ့ အလေးချိန်များ (Weights on Earth) lyrics
by Zenithlovesdaisy
ဟေ့ လူသား…သင် အားနည်းနေလား…
Hey, human... Are you feeling weak now?
နေ့ရက်များ…မှုန်ရီ ဝိုးတဝါး ရှည်လျား
Days are becoming foggy, blurry and lengthy...
အခန်းထောင့်မှာ အိပ်မက်တစ်ခု လဲခွေကျ
A dream has collapsed in the corner of my room
ဒီည မျှော်လင့်ခြင်းတချို့ရဲ့ စျာပန
Tonight is the funeral of some of my hopes
ဒါလောကမယ် ဖြစ်တတ်တဲ့ သဘောသဘာဝ
But this is something that is bound to happen in this living world
မတည်မြဲခြင်းတွေနဲ့ ကခုန် အပုပ်အသိုးတွေကြား
In between the rotten things, I dance accompanied by the uncertainties
ရခဲ့သမျှ ဒဏ်ရာ ရောင်စုံပတ်တီးများနဲ့ အလှဆင်ပြ
I will use colorful beads to show every single damage that I have received
ကမ္ဘာကြီးရဲ့ အလေးချိန်များ
The weights on the earth...
အေးချမ်းခြင်းတို့ အတိပြီးရာ နေရာ
The place which ends with serеneness...
ဘယ်မှာများ ရှိနေမှာ…ငါလိုက်ရှာ
I seek for this place...
တောတောင်ရေမြေများ…မိုးအာကာပြင်တလွှား…
Mountains...Vast sеas
သူပြောတာ
They say...
ငါစွဲ အတ္တတွေ ကြီးစိုးတဲ့အခါ…
When I am conquered by my egos...
ခေါက်ရိုးကျိုး အပူတွေသာ တရိပ်ရိပ်တက်လာ
Only scorching unease flare up in my chest again and again...
ကြေကွဲရ ကြည်နူးရ ရှင်သန်ချိန်အခိုက်အတန့်လေးမှာ
When we are living, our hearts break and flatter...
အကောင်းဆုံးဖြစ်ဖို့ မင်းနှလုံးသားကို အားဖြည့်လိုက်ပါတဲ့…
To become the best, they tell me to fuel my heart with energy
ပြိုလဲကျတတ်တာ အားလုံး ထုံးစံပဲ
It is a norm to fail
ငိုချလိုက်ပေါ့ကွာ မွန်းကြပ်သမျှ ရင်ထဲ
Just cry out for everything that is suffocating you...
ပြန်ထရပ်ဖို့တော့ မင်းမမေ့လိုက်နဲ့ကွယ်
But don't forget to stand back up
(မင်းမမေ့လိုက်နဲ့ကွယ်)
(Just don't forget)
မင်းလုပ်ရပ်ဟာ အဆိပ်အတောက်မဖြစ်စေနဲ့
Just make sure your actions don't become poison for other people
မင်းပြုံးဖို့ရာ အခြားတစ်ယောက် မနစ်နာစေနဲ့
Don't try to achieve your smile at the expense of others
ကိုယ်နိုင်ရာ ဖေးမဖို့သာ အသင့်ဖြစ်လို့နေကွယ်
Just be ready to help when you can
ဒီကမ္ဘာဟာ မင်းနဲ့ သက်ဆိုင်တယ်
You and this world are intertwined
ကမ္ဘာကြီးရဲ့ အလေးချိန်များ
The weights on the earth...
ကမ္ဘာကြီးရဲ့ အလေးချိန်များ
The weights on the earth...
ကမ္ဘာကြီးရဲ့ အလေးချိန်များ
The weights on the earth...
ကမ္ဘာကြီးက မင်းကို ထမ်းထားရတာ တန်ရဲ့လား
Is it worth it for the earth to withhold your weight?
စဉ်းစားကြည့်ပေါ့ တန်ရဲ့လား
Just think about it. Is it worth it?
ငါတို့ဟာ ကမ္ဘာကြီးရဲ့ အလေးချိန်များ
Because we are the weights on the earth
ဒါကြောင့်မို့ သူလှဖို့ တို့မှာ တာဝန်တွေရှိတာ
So, we are responsible for her beauty...
မင်းတွေးမိရဲ့လား တို့အားလုံးလိုနေတာ
Have you ever thought about it? What we are in need of...?
ချစ်ခြင်းနဲ့ မေတ္တာတရား
It is love and metta
ဖြန့်ကျက်လိုက်ပေါ့ မင်းရောက်သမျှ နေရာ
Wherever you go, spread your love and metta...